Job Overview
Job Location: PabedanTownship
Type of Business/Product: Distribution Industry/ Pharmaceutical
Gender: Male/Female (6)
Job Ref No: 35P1697
Salary: 350,000 Kyats
Job Requirements
• Any Graduated.
• Minimum 1 year working experience in sales field preferable same industry.
• Preferable Science or Medical or Medical Related Degree Holder.
• Proper knowledge on sales strategy.
• Good Relationship and endorsement with KOLs & Customers.
Job Descriptions
• နေ့စဉ် လုပ်ငန်းခွင် (သို့) နံနက် (၉)နာရီ တိတိရောက်ရှိရမည်။ နောက်ကျခြင်းမရှိစေရ။
• နေ့စဉ် မိမိတာဝန်ကျရာ နယ်မြေအတွင်းရှိ Doctors အနည်းဆုံး (၅) ယောက်တွေ့ဆုံရန်နှင့် ဆေးဆိုင်အနည်းဆုံး(၁၀)ဆိုင်ကို ကုမ္ပဏီရှိဆေးဝါးအစုံအလင်ထွက်၊ မထွက်ကို စုံစမ်းရောင်းချရန် ရောက်ရှိရမည်။
• နေ့စဉ်ကုမ္ပဏီ၏ဆေးဝါးများကိုဆေးဈေးကွက်မြှင့်တင်ခြင်းနှင့်အရောင်းမြှင့်တင်ခြင်းများသာမက Sale Orders များကောက်ခံခြင်းနှင့် ဆေးများအရောင်းထွက်စေရန် အစဉ်သဖြင့် ကြိုးစားဆောင်ရွက်ရမည်။
• Customers များနှင့် ခင်မင်ရင်းနှီးမှု ပိုမိုရရှိစေရန် အချိန်ပေးရင်းနှီးမှုများတည်ဆောက်ရန်။
• နေ့စဉ် နံနက် (၉း၃၀) တွင် သက်ဆိုင်ရာ Viber Group သို့ မိမိရောက်ရှိရာ Location နှင့် ဆေးခန်း (သို့မဟုတ်) ဆိုင်ပုံများ တွဲတင်ပေးရမည်။
• နေ့စဉ် Marketing သွားရာတွင် Price List, Promotion Simple, နှင့် Literature များ ပြည့်စုံလုံလောက်စွာ ပါရှိရပါမည်။
• ဆေးဆိုင်နှင့်ဆေးခန်းများမှပေးသော Sale Orders များကို Viber Order Group တွင် ရေး၍တင်ရမည်။
• MSR များအနေဖြင့် လုပ်ငန်းခွင်သို့သွားရာတွင် သပ်ရပ်စွာ ဝတ်စားဆင်ယင်ရမည်။ T-shirt များ (လုံးဝ)မဝတ်ဆင်ရ။ဖောက်သည်အသစ်ဖြစ်ပါက ဆိုင်လိပ်စာကိုတိကျစွာဖော်ပြပါရှိရပါမည်။
• ကုမ္ပဏီမှ ပေးအပ်ထားသော ဆေးနမူနာများနှင့် လုပ်ငန်းခွင်အထောက်အကူပြု ပစ္စည်းများကို အကျိုးရှိထိရောက်စွာအသုံးပြုရမည်။ အလွဲသုံးစားပြုလုပ်ခြင်းတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်ခြင်းခံရမည်။
• နေ့စဉ် Daily Report Format တွင် တစ်နေ့တာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြတ်သားစွာရေးဖြည့်ရမည်။(မပျက်ကွက်ရပါ)၊ နေ့စဉ် Daily Report များကို ညနေ အလုပ်ပြီးနောက်တွင် Viber Group ပေါ်သို့ မပျက်မကွက်ရေးတင်ရပါမည်။
• ဈေးကွက်အတွင်း ဈေးနှုန်းပြောင်းလဲမှုနှင့် Customer Complain, Market Information များကို သက်ဆိုင်ရာ Managerထံသို့အချိန်နှင့်တပြေးညီ သတင်းပို့ပေးရမည်။
• အလုပ်တာဝန်ဝတ္တရားများသတ်မှတ်ရာတွင် အမြဲပုံသေသတ်မှတ် ကန့်သတ်ချက်မရှိပါ။ လိုအပ်ပါက တာဝန်ဝတ္တရားများကိုပြောင်းလဲသတ်မှတ်မည်။ တာဝန်၊ နယ်မြေ၊ ဆရာဝန်များ၊ လုပ်ငန်းခွင် တည်နေရာ များကို ပြောင်းလဲရာတွင်လည်းကန့်သတ်ချက်များရှိမည် မဟုတ်ပါ။
• MSR များသည် ဆရာဝန်များ၊ ဖောက်သည်များနှင့် အခြားအရေးကြီးပုဂ္ဂိုလ်များကို ကောင်းမွန်သည့် ဆက်ဆံရေးရရှိအောင်ကြိုးစားဆောင်ရွက်ရမည်။
• MSH များသည် သက်ဆိုင်ရာ Managerထံမှ ခွင့်ပြုချက်ကို ခရီးမထွက်ခင် (၂) ရက် အလိုတွင် တင်ပြပြီးခွင့်ပြုချက်တောင်းခံရန်။
• ခရီးစဉ်မှ ပြန်လည်ရောက်ရှိလျှင် Daily Report Formatတွင် ခရီးစဉ်နှင့် ပတ်သက်သည့် အချက်အလက် များကို မှန်ကန်စွာဖြည့်သွင်း၍ Managerထံသို့ တင်ပြရန်။
• MSR များသည် မိမိတာဝန်ကျရာ နေရာအတွင်းရှိ မိမိ Target ထားသော Product များကို ဆရာဝန်များ ထံမှ ဆေးညွှန်းစာများ ရရှိခြင်းရှိ၊ မရှိကို သေချာစွာလေ့လာဆန်းစစ်၍ Managerထံသို့ အချိန်နှင့်တပြေးညီ တင်ပြဆွေးနွေးရပါမည်။
• ညနေ Gp Call များကိုလည်း မပျက်မကွက် ဝင်ရောက်ရပါမည်။
• MSR များခွင့်ယူပါက ခွင့်ယူမည့် အကြောင်းအရာ အပြည့်အစုံကို Viber Group သို့ နံနက် (၈း၃ဝ) ထက်နောက်မကျစေဘဲ တင်ပြရန်နှင့်သက်ဆိုင်ရာ Managerထံသို့ ဖုန်းဖြင့်အကြောင်းကြားရန်။
• ဌာနအတွင်းတာဝန်ရှိသူ အကြီးအကဲ၏ ညွှန်ကြားချက်များအားလုံးကို တသွေမတိမ်း တိကျစွာ လိုက်နာ ရမည်။
• MSRများ အားလုံးသည် မိမိ တာဝန်ယူထားသော သက်ဆိုင်သည့်နေရာအားလုံးတွင် အစဉ်အမြဲတိုးတက် မှုရှိစေရန် လေ့လာသင်ယူမှုများစဉ်ဆက်မပြတ်ဆောင်ရွက်ရမည်။
• ကုမ္ပဏီမှ မိမိကိုပေးထားသော Target ကို ပြည့်မှီစေရန် MSR များအနေဖြင့် ကြိုးစားဆောင်ရွက်ရမည်။
• MSR တစ်ယောက်အနေဖြင့် အလုပ်ထွက်မည်ဆိုလျှင် သက်ဆိုင်ရာ အကြီးအကဲထံသို့ ကြိုတင် အကြောင်းကြားရမည်။ နောက်ထပ် အစားထိုး MSR ရမှ ကုမ္ပဏီ နှင့် ပတ်သက်သော အရာအားလုံးကို တိကျစွာ လွှဲပြောင်းပြီးမှ အလုပ်နှုတ်ထွက်ခွင့်ပြုမည်။
• အထက်ပါစည်းကမ်းချက်များတွင်ပါရှိသော အကြောင်းအရာ အချက်အလက်များကို အချိန်အခါ အားလျော်စွာကုမ္ပဏီမှ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းအားလုံးကို MSRများမှတိကျစွာ လိုက်နာ ဆောင်ရွက် ရပါမည်။
Working Hours : 9:00AM to 6:00PM
Holidays : Sunday & Public Holidays
How to Apply: Please email cv@vacjobsearch.com with your Microsoft Word CV file and job title and job ref no. in the subject line.
Hotline: 01-8395935,09-765395935
Job Detail
-
Offerd Salary250,000 - 400,000 MMK
-
Career LevelIntermediate
-
ExperienceLess than & Equal 1 Year
-
GenderBoth
-
INDUSTRYWholesales and Distribution
-
QualificationBachelor