Admin Executive (Imaging Products) – 600,000 – Local Company

Team 28 (VAC)
Job Overview

Job Location: Thingangyun Township
Type of Business/Product: Hospital Industry / Imaging Products

Gender: Male/Female (1)

Job Ref No.: 28P1541
Salary: 600,000/-Kyats

Job Requirements

  • တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည် ။
  • ရာထူးဖြင့် လုပ်ငန်းအတွေ့အကြုံ (၂) နှစ်ရှိရမည်။
  • ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ၊ ဆွေးနွေးညှိနှိုင်းမှု၊ ပြဿနာဖြေရှင်းနိုင်သူဖြစ်ပြီး အသင်းအဖွဲ့နှင့် လက်တွဲလုပ်ဆောင်နိုင်သူဖြစ်ရမည်။
  • အလုပ်အပေါ် တာဝန်ယူ၊ တာဝန်ခံစိတ် ရှိသူဖြစ်ရမည်။

Job Descriptions

  • ကုမ္ပဏီပိုင်းဆိုင်ရာလိုင်စင်များ၊ လုပ်ငန်းလိုင်စင်များနှင့် အခြားသော အရေးကြီး စာရွက်စာတမ်း များကို စနစ် တကျထိန်းသိမ်း၍ သက်တမ်းကုန်ဆုံးချိန်မတိုင်မီ သက်တမ်းတိုးရန်အတွက် အချိန် နှင့်တပြေးညီ စီမံဆောင်ရွက် ရန်။
  • အခါအားလျော်စွာ ပေါ်ပေါက်လာမည့် ခရီးသွားလာရေး ကိစ္စရပ်များအား လိုအပ်သလို ကြီးကြပ်စီမံ ရန်၊ ပြုလုပ်ဆောင်ရွက်ရန်။ (Passport များ၊ Visa များ၊ Ticket Booking များ၊ မော်တော်ယဉ်များ)
  • ကုမ္ပဏီပိုင် Fixed Assets များ၊ ရုံးသုံးပစ္စည်းများကို စနစ်တကျ မှတ်တမ်းတင်၍ (၃)လ၊ (၆)လ၊ (၁)နှစ် အလိုက်ကြီးကြပ်စစ်ဆေးရန်၊တာဝန်ယူ
  • ကြီးကြပ်ထိန်းသိမ်းရန်၊ကြံ့ခိုင်ကြာရှည်စွာ အသုံးပြုနိုင်ရန်အတွက် စနစ်တကျ ကြီးကြပ်စီမံရန်။
  • ကုမ္ပဏီအတွင်း လိုအပ်သော လုပ်ငန်းသုံးပစ္စည်း၊ ရုံးသုံးပစ္စည်းများကို အဝယ်ဌာနနှင့်ပေါင်းစပ်၍ အချိန်နှင့် တပြေးညီစီစဉ်ပေးရန်။
  • ပစ္စည်းဝယ်ယူခြင်းတောင်းခံလွှာနှင့် ပစ္စည်းဖြန့်ဝေခြင်း မှတ်တမ်းများကို ဌာနအလိုက်၊ ကာလ အလိုက် ခွဲဝေမှတ်တမ်းတင်ရန်။
  • အစိုးရရုံးပိုင်းဆိုင်ရာဌာနများသို့ တင်ပြရန်လိုအပ်သော စာရွက်စာတမ်းများကို စနစ်တကျ စုစည်း မှတ်တမ်းတင်ပြီး လိုအပ်သလို စီမံဆောင်ရွက်ပေးရန်။
  • ဝန်ထမ်းယူနီဖောင်းကိစ္စရပ်များအား တာဝန်ယူကြီးကြပ်ဆောင်ရွက်ရန်။
  • ဝန်ထမ်းအဆောင်နှင့် ထမင်းစားဆောင်၏ ကျန်းမာရေး၊ သန့်ရှင်းရေး၊ လုံခြုံရေး၊ စည်းကမ်းနှင့် အခြားကိစ္စရပ်များအား လိုအပ်သလို ကြီးကြပ်စီမံရန်။
    အခါအားလျော်စွာ ပြုလုပ်မည့် ကုမ္ပဏီအခမ်းအနားများအား စီမံဆောင်ရွက်ရန်။
  • ကုမ္ပဏီအတွင်း/ အပြင် လုံခြုံရေး၊ သန့်ရှင်းရေးများအတွက် စီမံကြီးကြပ်ရန်။
  • ရုံးတွင်းရှိ Letter Head များ၊ B.O.D နှင့် ရုံးပိုင်းဆိုင်ရာ တံဆိပ်တုံးများ စနစ်တကျမှတ်တမ်းတင်၍ ကြီးကြပ် အသုံးပြုရန်။
  • မိမိတာဝန်ယူစီစဉ်ဆောင်ရွက်ထားသော စာချုပ်စာတမ်းများနှင့်ပတ်သက်၍ ရုံးပိုင်းဆိုင်ရာ တာဝန် ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူတစ်စုံတစ်ဦးထံသို့ ဖြန့်ဝေခွင့်မပြုရ။
  • မိမိလက်အောက်ရှိ ဝန်ထမ်းများကို အလုပ်တာဝန်များ စနစ်တကျ ပြန်လည်ခွဲဝေပေးရန်နှင့် ပေးအပ်ထားသော အလုပ်တာဝန်များ ပြီးမြောက်ခြင်းရှိ/ မရှိကို အမြဲစိစစ်သုံးသပ်ရန်။
  • နေ့စဉ်၊ အပတ်စဉ်၊ လစဉ် လုပ်ငန်းအစီရင်ခံစာများကို Administration Officer ထံသို့တင်ပြရန်။
  • မိမိ၏အထက်လူကြီးမှ လုပ်ငန်းလိုအပ်ချက်အရ တရားသဖြင့် ပေးအပ်သော တာဝန်များကို ကျေပွန် အောင် ဆောင်ရွက်ရန်။

Working Hours: 9:00 AM to 5:00 PM
Holidays: Sunday & Public Holidays.
Benefits: Other Allowance Provided


How to Apply:
 Please email cv@vacjobsearch.com with your Microsoft Word CV file and job title and job ref no. in the subject line.
Hotline: 01-8395928,09-765395928

Job Detail
  • Offerd Salary400,000 - 700,000 MMK
  • Career LevelIntermediate
  • Experience2 Years
  • GenderBoth
  • INDUSTRYHospitals / Clinics
  • QualificationBachelor
Shortlist Never pay anyone for job application test or interview.