Job Overview
Job Location: No.106, Mawyawadi St, 156 Qt, East Dagon
Type of Business/Product: Trading Industry / FMCG
Gender: Male/Female (1)
Salary: 600,000 Kyats
အရှေ့ဒဂုံမြို့နယ်၌ နေထိုင်သူဦးစားပေးခန့်အပ်သွားမည်။
အလုပ်အကျဉ်းချုပ်
Retail Mart Supervisor သည် ဆိုင်၏ နေ့စဉ်လည်ပတ်မှုများကို ကြီးကြပ်တာဝန်ယူရမည်ဖြစ်ပြီး၊
၀န်ထမ်းများကို စနစ်တကျညှိနှိုင်းခြင်း၊ ဝယ်သူများအား ဝန်ဆောင်မှုပေးခြင်းနှင့်
အရောင်းမြှင့်တင်နိုင်ရေးအတွက် ဦးဆောင်အလုပ်လုပ်ရမည်ဖြစ်သည်။
✅ တာဝန်များ
- ဆိုင်အုပ်ချုပ်မှု
- ဆိုင်၏ နေ့စဉ်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
- ဆိုင်ဖွင့်/ပိတ် အချိန်စာရင်းအတိုင်း တိကျစွာဆောင်ရွက်ခြင်း။
- ဆိုင်သန့်ရှင်းရေး၊ လုံခြုံရေးနှင့် ပစ္စည်းပြသမှုမှန်ကန်ရေးကို သေချာစွာကြီးကြပ်ခြင်း။
- အရောင်းနှင့် ဝန်ဆောင်မှု
- ဝန်ထမ်းများအား စနစ်တကျညှိနှိုင်းကာ ရောင်းအားမြှင့်တင်ရေးအတွက် ဦးဆောင်ခြင်း။
- Customer များ၏ မကျေနပ်မှုများအား ကျွမ်းကျင်စွာ ဖြေရှင်းပေးခြင်း။
- Customer Service အရည်အသွေးကောင်းမွန်စေရန် ထိထိရောက်ရောက် လုပ်ဆောင်ခြင်း။
- စတော့စီမံခန့်ခွဲမှု
- ပစ္စည်းလက်ကျန်အပေါ်ကြည့်ရှုခြင်းနှင့် လိုအပ်သည့်အခါ ပြန်လည်ဖြည့်တင်းခြင်း။
- ပစ္စည်းပျောက်ရှားမှုများ (shrinkage) ကို လျှော့ချနိုင်ရေး ကြံဆလုပ်ဆောင်ခြင်း။
- လက်ခံရရှိသော ပစ္စည်းများအား စာရင်းတစ်ကျစစ်ဆေးခြင်း။
- ဝန်ထမ်းများညှိနှိုင်းမှု
- ဝန်ထမ်းများအား ဦးဆောင်၊ လှုံ့ဆော်မှုနှင့် အလုပ်စာရင်းချမှတ်ခြင်း။
- On-the-job training ပေးခြင်းနှင့် အလုပ်အရည်အချင်း တိုးတက်စေရန် လေ့ကျင့်ပေးခြင်း။
- ဝန်ထမ်းတက်ရောက်မှု စာရင်းစစ်ဆေးခြင်းနှင့် ပြဿနာများကို တင်ပြခြင်း။
- အစီရင်ခံစာများနှင့် မှတ်တမ်းထိန်းသိမ်းမှု
- နေ့စဉ်/အပတ်စဉ်အရောင်းနှင့် ဆိုင်လည်ပတ်မှု အစီရင်ခံစာရေးဆွဲတင်ပြခြင်း။
- ဖြစ်စဥ်မှတ်တမ်း၊ customer feedback၊ ပြဿနာများအား မှတ်တမ်းတင်ခြင်း။
- ဆိုင်နှင့်ပတ်သက်သည့် မှတ်တမ်းများအား တိတိကျကျ သိမ်းဆည်းထားရှိခြင်း။
- ပရိုမိုးရှင်းနှင့် ပြသမှု
- ဌာနမှပေးသည့် ပရိုမိုးရှင်းအစီအစဉ်များကို စနစ်တကျလုပ်ဆောင်ခြင်း။
- ပရိုမိုးရှင်းနှင့်စျေးနှုန်းများကို မှန်ကန်စွာပြသထားမှုကြီးကြပ်ခြင်း။
လိုအပ်သော အရည်အချင်းများ
- စတိုးဆိုင်လုပ်ငန်းအတွေ့အကြုံ (၂) နှစ်အနည်းဆုံးရှိသူဖြစ်ရမည်။
- ဦးဆောင်နိုင်မှု၊ ဆက်ဆံရေးကောင်းမွန်မှုရှိရမည်။
- ငွေကြေးနှင့် စတော့စီမံခန့်ခွဲမှုအခြေခံအသိရှိရမည်။
- ပြဿနာဖြေရှင်းနိုင်မှုနှင့် customer ကိုကောင်းစွာဆောင်ရွက်နိုင်ရမည်။
- အလုပ်ချိန်ပြောင်းလဲနိုင်သူ၊ အပတ်ကုန်၊ ပိတ်ရက်များတွင် အလုပ်လုပ်နိုင်သူဖြစ်ရမည်။
Working Hours: 8:30 AM to 5:00 PM
Holidays: Sunday & Public Holidays
Application Deadline: 31 July 2025
Office Address: – No.1120, Corner of Marga Street & Moe Ma Kha 3rd Street, 46th Quarter, North Dagon Township
Contact Email: aunghsu.trading@gmail.com
Contact Phone No: 09782181132
Job Detail
-
Offerd Salary400,000 - 700,000 MMK
-
Career LevelSupervisor-Level
-
Experience2 Years
-
GenderBoth
-
INDUSTRYTrading
-
QualificationBachelor