Job Overview
Job Location: Hlaingthaya Township
Type of Business/Product: Manufacturing Industry / FMCG
Gender: Male (1)
Job Ref No.: 13P2333
Salary: 700,000/- Kyats
Job Requirements:
- မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပါသည်။ (အုပ်ချုပ်ရေးဆိုင်ရာ ဒီပလိုမာ သို့မဟုတ် သင်တန်းဆင်းလက်မှတ်ရှိသူများကို ဦးစားပေးမည်။)
- သက်ဆိုင်ရာနယ်ပယ်တွင် အနည်းဆုံး အတွေ့အကြုံ (၃) နှစ်ရှိရမည်။
- ပြောဆိုဆက်ဆံရေး အရည်အချင်းနှင့် စနစ်တကျ စီမံခန့်ခွဲနိုင်သည့် အရည်အချင်း ထူးချွန်ရမည်။
- Microsoft Office (Word, Excel, PowerPoint) ၊ Internet နှင့် Email တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
Job Descriptions
- ရုံးသုံးပစ္စည်းများ စီမံခန့်ခွဲခြင်း၊ စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်းနှင့် အဆောက်အအုံ/နေရာထိုင်ခင်း စီမံခန့်ခွဲခြင်းအပါအဝင် ရုံးလုပ်ငန်းစဉ်များ ချောမွေ့စေရန် ဆောင်ရွက်ရမည်။
- GPS Software ဖြင့် စောင့်ကြည့်စစ်ဆေး၍ စက်သုံးဆီအသုံးပြုမှုနှင့် စက်သုံးဆီစရိတ် သုံးစွဲမှု လုပ်ငန်းစဉ်များကို စီမံခန့်ခွဲရမည်။
- လုံခြုံရေးနှင့် သန့်ရှင်းရေးဝန်ထမ်းများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲရမည်။
- ကုမ္ပဏီဆိုင်ရာ လိုင်စင်များ (စည်ပင်လိုင်စင်၊ ကျန်းမာရေးလိုင်စင်၊ ကြော်ငြာလိုင်စင်များ) သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်။
- ကုမ္ပဏီပိုင်ပစ္စည်းများကို အချိန်မီ ထိန်းသိမ်းပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက်ရမည်။
- ရုံးပိုင်မော်တော်ယာဉ်များ၏ ယာဉ်လိုင်စင်နှင့် အာမခံလိုင်စင် သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ရမည်။
- မော်တော်ယာဉ် ချို့ယွင်းချက်များကို စစ်ဆေးရမည်ဖြစ်ပြီး သတ်မှတ်ထားသော ဝပ်ရှော့များတွင် သွားရောက်ပြုပြင်ရမည်။
- ရုံးသုံးလိုအပ်ချက်များနှင့် မီးစက်အတွက် စက်သုံးဆီများကို ဝယ်ယူရမည်။
- ရုံးသုံးစက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပုံမှန်ထိန်းသိမ်းနိုင်ရန် ကုန်ပစ္စည်းပေးသွင်းသူများ (Vendors) နှင့် ဝန်ဆောင်မှုပေးသူများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
- အငှားယာဉ်များအတွက် စာချုပ်ချုပ်ဆိုခြင်းနှင့် လုပ်ငန်းစဉ်များ စီမံဆောင်ရွက်ရမည်။
- ရုံးစာရွက်စာတမ်းများကို Hard copy သာမက Soft copy ပါ စနစ်တကျ ထိန်းသိမ်းရမည်ဖြစ်ပြီး အမြဲတမ်းပိုင်ဆိုင်မှုများ (Fixed Assets) နှင့် ၎င်းတို့၏ ပြုပြင်ထိန်းသိမ်းမှုများကို သတ်မှတ်ထားသော Soft file တွင် စာရင်းရေးသွင်း မှတ်တမ်းတင်ရမည်။
- အုပ်ချုပ်ရေးဆိုင်ရာ ကုန်ကျစရိတ်နှင့် လစဉ်စီမံကိန်းများ (Admin Expense & Admin Plan) အတွက် လစဉ်အစီရင်ခံစာ ပြုစုရမည်။
Working Hours: 8:00AM to 4:30PM
Holidays: Saturday (Alternate) & Sunday, Public Holidays
Benefits: Ferry & Uniform will be provided
How to Apply: Please email to cv@vacjobsearch.com with your Microsoft Word CV file and job title and job ref no. in the subject line.
Hotline: 01-8395913, 09-765395913
Job Detail
-
Offerd Salary700,000 - 1,000,000 MMK
-
Career LevelSupervisor-Level
-
Experience3 Years
-
GenderMale
-
INDUSTRYManufacturing / Production
-
QualificationBachelor
