Job Overview
Job Location: Insein Township
Type of Business/Product:Wholesales & Supply Chain Industry/Agriculture Product
Gender:Male(2)
Job Ref No: 14P1603
Salary: 2,000,000/-Kyats
Job Requirement
• Business Administration, Management, Operations Management သို့မဟုတ် သက်ဆိုင်ရာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
• Operation Management, Wholesale Market Management, Logistics Management သို့မဟုတ် Large Scale Business Operation များတွင် အနည်းဆုံး (၇) နှစ် အတွေ့အကြုံရှိရမည်။
• Leadership Skill, Team Management Skill, Problem Solving Skill နှင့် Decision Making Skill ကောင်းမွန်ရမည်။
• SOP, KPI, Budget Planning, Cost Control နှင့် Operational Planning များကို ကျွမ်းကျင်စွာ စီမံနိုင်ရမည်။
• လူမှုဆက်ဆံရေးကောင်းမွန်ပြီး ဈေးသည်များ၊ ဆိုင်ခန်းငှားသူများနှင့် လိုက်လျောညီထွေ ပြောဆိုဆက်ဆံနိုင်သည့် Communication Skill နှင့် Negotiation Skill ကောင်းမွန်ရမည်။
• ဈေးသည်များ၊ ဆိုင်ခန်းငှားသူများနှင့် လုပ်ငန်းဆိုင်ရာ အငြင်းပွားမှုများ၊ တိုင်ကြားမှုများနှင့် Operation ဆိုင်ရာ ပြဿ နာများကို သင့်လျော်စွာ ညှိနှိုင်းဖြေရှင်းနိုင်သူ ဖြစ်ရမည်။
• လုပ်ငန်းသဘောသဘာဝအရ Strong Personality ရှိပြီး တက်ကြွမှုရှိကာ လိုအပ်သည့်အချိန်တွင် တိကျပြတ်သားစွာ ဆုံးဖြတ်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
• Challenge များနှင့် ဖိအားများသော လုပ်ငန်းပတ်ဝန်းကျင်တွင် တာဝန်ယူဦးဆောင်နိုင်ပြီး Result-Oriented ဖြစ်သူကို ဦးစားပေးမည်။
• Microsoft Office, ERP System နှင့် Reporting System များ အသုံးပြုနိုင်ရမည်။
• လုပ်ငန်းလိုအပ်ချက်အရ ကွင်းဆင်းကြီးကြပ်မှုများနှင့် ရုံးချိန်ပြင်ပ အချိန်များတွင် တာဝန်ထမ်းဆောင်နိုင်ရမည်။
• လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလို ခရီးသွားလာနိုင်ရပါမည်။
Job Descriptions
• ကုမ္ပဏီ၏ Operation လုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲ၍ နေ့စဉ်လုပ်ငန်းလည်ပတ်မှုများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ကြီးကြပ်ညှိနှိုင်းခြင်း။
• တညင်းကုန်း လက်ကားဈေးကြီး၏ ဈေးရုံစီမံခန့်ခွဲရေး Operation, Shop house Management, Facility Management, Warehouse, Logistics, Security, Maintenance နှင့် Customer Service လုပ်ငန်းများအား စနစ်တကျ စီမံအုပ်ချုပ်ခြင်း။
• Operation Department များ၏ SOP, KPI နှင့် Work Flow များကို ရေးဆွဲသတ်မှတ်၍ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန် ကြီးကြပ်ဆောင်ရွက်ခြင်း။
• ဈေးသည်များ၊ Tenant များ၊ Vendor များ၊ Supplier များနှင့် သက်ဆိုင်ရာဌာနများအကြား လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း။
• Market Operation အတွင်း သန့်ရှင်းရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေးနှင့် Safety Standard များအား စောင့်ကြည့်ကြပ်မတ်ခြင်း။
• အအေးခန်း Operation လုပ်ငန်းစဉ် များကို ကြီးကြပ်၍ ကုန်ပစ္စည်းစီးဆင်းမှုများ ချောမွေ့စေရန် စီမံခန့်ခွဲခြင်း။
• ဈေးသည်များ၊ Tenant များနှင့် Customer များမှ တင်ပြလာသော Complaint များ၊ ဖြစ်ပွားသော Incident Case များအား အချိန်မီ စစ်ဆေးဖြေရှင်းပြီး နောင်တစ်ကြိမ် ထပ်မံမဖြစ်ပွားစေရန် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများနှင့် စီမံခန့်ခွဲမှုများ ဆောင်ရွက်ခြင်း။
• Operation ဆိုင်ရာ အသုံးစရိတ်များ၊ လုပ်ငန်းအသုံးပြုရင်းမြစ်များနှင့် ဘတ်ဂျက်အသုံးပြုမှုများကို စနစ်တကျ စီမံခန့်ခွဲ၍ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ လျှော့ချနိုင်ရန် ထိရောက်စွာ ဆောင်ရွက်ခြင်း။
• Daily, Weekly, Monthly Operation Report များကို စုစည်းသုံးသပ်၍ General Manager / CEO ထံ တင်ပြခြင်း။
• Department Head များနှင့် ပူးပေါင်း၍ လုပ်ငန်းလိုအပ်ချက်များ၊ Manpower Planning နှင့် Process Improveme nt များအား ဆောင်ရွက်ခြင်း။
• Operation Team များအား လမ်းညွှန်ကြီးကြပ်၍ Team Performance နှင့် Employee Productivity တိုးတက်စေရန် စီမံခြင်း။
• YCDC နှင့် သက်ဆိုင်ရာ အစိုးရဌာနများ၊ Regulatory Bodies များနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ခြင်း။
• Company Policy, Rules & Regulations နှင့် Compliance Requirement များအား Operation Team များမှ လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း။
• Emergency Case, Risk Management နှင့် Crisis Management ဆိုင်ရာ အခြေအနေများတွင် အမြန်ဆုံး စီမံဆုံးဖြတ် ဆောင်ရွက်ခြင်း။
• လုပ်ငန်းတိုးချဲ့ရေး၊ Operational Efficiency တိုးတက်ရေးနှင့် Service Quality မြှင့်တင်ရေးအတွက် အကြံပြုတင်ပြခြင်း။
Working Hours: 9:00AM to 5:00PM
Holidays: Sunday, Gazette Day
How to Apply: Please email to cv@vacjobsearch.com with your Microsoft Word CV file and job title and job ref no. in the subject line.
Hotline: 01-8395914,09-765395914
Job Detail
-
Offerd Salary2,000,000 - 2,500,000 MMK
-
Career LevelIntermediate
-
Experience7 Years
-
GenderMale
-
INDUSTRYWholesales and Distribution
-
QualificationBachelor
