Job Overview
Job Location: Hlaingtharyar Township
Type of Business/Product: Healthcare Service Industry
Gender:Male /Female (1)
Job Ref No: 14P1592
Salary: 1,300,000/-Kyats
Job Requirements
• Any Graduated, HR Diploma တစ်ခုခု ရရှိထားသူဖြစ်ရမည်။
• စုစုပေါင်း HR Fields တင်ွ လုပ်သက် (၅) နှစ်နှင့် အထက် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်။
• ရုပ်ရည် သန့်ပြန့် ပြေပြစ်သူ၊ စကားပြောဆို ချိုသာယဉ်ကျေးပြီး Communication Skill ကောင်းပြီး၊ လူအများ နှင့် ပေါင်းသင်းဆက်ဆံ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
• HR နှင့် ပတ်သက်သော အလုပ်သမားဥပဒေ၊ လူမှုဖူလုံရေး၊ Personal Income Tax စသည်တို့အား ကျမ်ွးကျင် ပိုင်နိုင်စွာ နားလည်ပြီး လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ရမည်။
• ရေရှည်လက်တွဲ လုပ်ကိုင်န်ိုင်သောသူ ဖြစ်ရမည်။
• Admin ပိုင်းနှင့် HR ပိုင်းကို ကျွမ်းကျင်စွာ စီမံလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
Job Descriptions
• လိုအပ်သော အချိန်တွင် လိုအပ်သော ဝန်ထမ်းများရရှိအောင် HR Recruitment & Selection Plan ရေးဆွဲ အကောင်ထည် ဖော်ခြင်း။
• ဌာနများမှ Hiring Request form ဖြင့် တောင်းလာသော Form များအား MD ထံသို့ တင်ပြ၍ Approved ယူခြင်း။
• ခန့်အပ်ပြီးသော ဝန်ထမ်းများအား လိုအပ်သောသင်တန်းများပေးနိုင်ရန်အတွက် Clinical Manager ၊ သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ညှိနှိုင်း၍ Training ပေးရန် စီစဉ်ပေးခြင်း။
• ဝန်ထမ်းများအတွက် ဝန်ထမ်းလက်စွဲများ Handbook များပြုစုရေးဆွဲပြင်ဆင်ခြင်း။
• ဆေးရုံ၏ ဌာနတိုင်းအတွက် (SOP) Standard Operation Procedure ရေးဆွဲ အကောင်ထည် ဖော်ခြင်း။
• ဌာနတိုင်းအတွက် လိုအပ်သည့် Form ပုံစံများအား ပြုစုဆောင်ရွက်ခြင်း။
• လစဉ် လစာငွေတွက်ချက်ခြင်းနှင့် ဝန်ထမ်းများ၏ ရပိုင်ခွင့်ခံစားခွင့်များအား စပ်လျဉ်းသည့် ကိစ္စရပ်များအား စီမံဆောင်ရွက်ပေးခြင်း။
• လစဉ် လတစ်လ၏ နောက်ဆုံးပတ်တွင် တွက်ချက်ထားသော Salary Report အား Chief Accountant သို့ ပို့ပြီး ထိုစစ်ပြီးသော Salary Report အား Managing Director သို့တင်ပြ၍ ခွင့်ပြုချက်ရရှိသော Salary အား ဝန်ထမ်းများပေးသို့ ထုတ်ပေးနိုင်ရန် စီမံဆောင်ရွက်ပေးခြင်း။
• ဝန်ထမ်းရာထူးတိုး၊ လစာတိုး၊ နှစ်တိုးခြင်း၊ အပိုဆုကြေးပေးခြင်း ဆိုင်ရာ စပ်လျဉ်းသည့် ကိစ္စရပ်များအား Clinical Manager နှင့် Managing Director အား တင်ပြ၍ ညွှန်ကြားချက်များအား စီမံဆောင်ရွက်ပေးခြင်း။
• ဝန်ထမ်းများ၏ မကျေနပ်ချက်များ၊ တိုင်ကြားချက်များ၊ သတင်းပေးပို့ချက်များအား တာဝန်ယူလက်ခံဆောင်ရွက်ပေးခြင်း။
• ဝန်ထမ်းများမှ စည်းကမ်းပိုင်းဆိုင်ရာပြဿနာများအတွက် ခေါ်ယူသတိပေးခြင်း၊ ပြစ်ဒဏ်သတ်မှတ်ခြင်း၊ အလုပ်ရပ်စဲခြင်း ကိစ္စရပ်များအား စီမံဆောင်ရွက်ပေးခြင်း။
• ဆေးရုံ၏ လိုင်စင်ကိစ္စရပ်များ၊ အစိုးရဌာနများနှင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို Clinical Manager နှင့် Managing Director ထံသို့ တင်ပြ၍ ညွှန်ကြားချက်များအား စီမံဆောင်ရွက်ခြင်း။
• အခါအားလျော်စွာ ရုံးတွင်းညွှန်ကြားချက်စာများအား ထုတ်ပြန်နိုင်ရေးအတွက် Clinical Manager နှင့် Managing Director ညွှန်ကြားချက်ဖြင့် စီစဉ်ဆောင်ရွက်ခြင်း။
• Clinical Manager နှင့် Managing Director ညွှန်ကြားတာဝန်ပေးမှုများကို ကြီးကြပ်စီစဉ် ဆောင်ရွက်ပေးခြင်။
• ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် Maintenance Team အား ကြီးကြပ်ညွှန်ကြားခြင်း။ လအလိုက်၊ နှစ်အလိုက် ပြုလုပ်ထားသော Schedule များကို ကြီးကြပ်ညွှန်ကြားခြင်း။
• ကုသရေးသုံး ပစ္စည်းကိရိယာများ၊ ရုံးသုံးပစ္စည်းများအား ဝယ်ယူရေးအတွက် စစ်ဆေး၍ ကြီးကြပ်စီမံပေးခြင်း။
• ဆေးရုံနှင့်ဆေးခန်းများ၏ မြေနေရာဌားရမ်းခြင်း၊ အဆောင်ဌားပေးခြင်း၊ အဆောင်သက်တမ်း တိုးပေးခြင်းနှင့် အသစ်ထပ်မံဌားရမ်းခြင်းများ၊ မော်တော်ယာဉ်ဌားရမ်းခြင်းကို ကြီးကြပ်ဆောင်ရွက်ပေးခြင်း။
• မော်တော်ယာဉ်များ၊ မီးစက်များ၏ Maintenance နှင့် ပြုပြင်ထိန်းသိမ်းရန်လိုပါက Mananging Director ထံသို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားခြင်း။
• ကားလမ်းကြောင်း၊ ကီလိုအသုံး၊ စက်သုံးဆီ အသုံးလချုပ်စာရင်းများကို ကြီးကြပ်စစ်ဆေးခြင်း။
• ဆေးရုံး၏ HR & Admin နှင့်ပတ်သက်သောအသုံးစရိတ်များ၏ လချုပ်စာရင်းကို ကြီးကြပ်စစ်ဆေးပြီး Managing Director သို့ Report တင်ခြင်း။
• Management မှ ပြုလုပ်သော Meeting, Presentation များအတွက် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခြင်း။
• ဆေးရုံးသန့်ရှင်းရေး နှင့် လုံခြုံရေးကိစ္စရပ်များအား ညွှန်ကြားပေးခြင်း။
Working Hours: 9:00 AM to 5:00 PM
Holidays: 1 day per one week & Public Holiday
How to Apply: Please email to cv@vacjobsearch.com with your Microsoft Word CV file and job title and job ref no. in the subject line.
Hotline: 01-8395914,09-765395914
Job Detail
-
Offerd Salary1,000,000 - 1,500,000 MMK
-
Career LevelIntermediate
-
Experience5 Years
-
GenderBoth
-
INDUSTRYHospitals / Clinics
-
QualificationBachelor
