Senior Inventory Staff – 700,000 – Local Company

Team 13 (VAC)
Job Overview

Job Location: North Dagon Township

Type of Business/Product: Retail & Wholesales Industry /Silk & Cotton

Gender: Male/ Female (1)

Job Ref No.: 13P2866

Salary: 700,000/- Kyats

Senior Inventory Staff သည် ကုမ္ပဏီ၏ ကုန်ပစ္စည်းလက်ကျန်စာရင်း၊ Stock Movement နှင့် Warehouse Inventory လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲကြီးကြပ်ရန် တာဝန်ရှိသူဖြစ်သည်။ ဝင်ကုန်၊ ထွက်ကုန်၊ Stock Transfer, Stock Adjustment နှင့် Physical Stock Count များကို တိကျမှန်ကန်စွာ မှတ်တမ်းတင်စစ်ဆေးရမည်ဖြစ်ပြီး Inventory Records နှင့် လက်တွေ့ Stock လက်ကျန်ကို ကိုက်ညီစေရန် စောင့်ကြည့်ရမည်။ ထို့အပြင် Inventory Team ၏ နေ့စဉ်လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ Stock Shortage / Damage / Variance များကို စစ်ဆေးဖြေရှင်းခြင်းနှင့် Management သို့ Daily / Weekly / Monthly Inventory Reports များ အချိန်မီတင်ပြခြင်းတို့ကို တာဝန်ယူရမည်။

Job Descriptions

  • ကုန်ပစ္စည်းအဝင်၊ အထွက်နှင့် နေရာအပြောင်းအရွှေ့စာရင်းများကို စနစ်တကျ စစ်ဆေးမှတ်တမ်းတင်ခြင်း
  • ကုန်ပစ္စည်းလက်ခံရာတွင် အရေအတွက်နှင့် အရည်အသွေးကို စစ်ဆေးခြင်း
  • အမှန်တကယ်ရှိသော ကုန်ပစ္စည်းလက်ကျန်နှင့် စာရင်းမှတ်တမ်းရှိ လက်ကျန်ကို တိုက်ဆိုင်စစ်ဆေးခြင်း
  • နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် ကုန်ပစ္စည်းလက်ကျန် စစ်ဆေးရေတွက်ခြင်း
  • ကုန်ပစ္စည်းလက်ကျန် ကွာဟမှု၊ ပျောက်ဆုံးမှု၊ ပျက်စီးမှုနှင့် အလေအလွင့်များကို စစ်ဆေးပြီး ဖြေရှင်းဆောင်ရွက်ခြင်း
  • ကုန်ပစ္စည်းလက်ကျန်စာရင်းများနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်း
  • Inventory / Packaging ဝန်ထမ်းများ၏ နေ့စဉ်လုပ်ငန်းများကို ကြီးကြပ်ခြင်း
  • နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် Inventory Report များကို ပြင်ဆင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြခြင်း

Job Requirements

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
  • Inventory / Warehouse / Stock Control ပိုင်းတွင် 2-3 နှစ်အထက် အတွေ့အကြုံရှိသူဖြစ်ရမည်။
  • Microsoft Excel & Word ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။
  • Stock Receiving, Issuing, Transfer & Stock Count Process နားလည်သူဖြစ်ရမည်။
  • Inventory / အထည်ဆိုင်အတွေ့အကြုံရှိသူ ဦးစားပေးမည်။
  • ကျန်းမာရေးကောင်းမွန်ပြီး အလုပ်ကြိုးစားသူဖြစ်ရမည်။
  • အကျင့်စာရိတ္တကောင်းမွန်ပြီး အသင်းအဖွဲ့နဲ့ အလုပ်လုပ်နိုင်သူဖြစ်ရမည်။
  • အထည်အမျိုးအစားများနှင့် Code များကို လျင်မြန်စွာ လေ့လာနိုင်သူဖြစ်ရမည်။

 

Working Hours: 8:30AM ~ 5:30PM

Holidays: Sundays & Public Holidays

How to Apply: Please email to cv@vacjobsearch.com with your Microsoft Word CV file and job title and job ref no. in the subject line.

Hotline: 01-8395913, 09-765395913

Job Detail
  • Offerd Salary700,000 - 1,000,000 MMK
  • Career LevelIntermediate
  • Experience2 Years
  • GenderBoth
  • QualificationBachelor
Shortlist Never pay anyone for job application test or interview.