Warehouse Manager (FMCG / Yankin Township) – 1,500,000 – Local Company

Team 36 (VAC)
Job Overview

Location: YankinTownship
Type of Business/Product: Distributions Industry / FMCG
Gender: Male/Female (1)
Job Ref No.: 36P1902
Salary: 1,500,000/-Kyats

Job Requirements

• ဘွဲ့ရရှိပြီးသူ။ B.com ဘွဲရများဦးစားပေးပါမည်။
• Microsoft Offices (Word, Excel, Powerpoint) ကျွမ်းကျင်စွာအသုံးပြုနိုင်ပြီး Report များ၊ Analysis များပြုလုပ်နိုင်ပြီး ERP Software အသုံးပြုဖူးသူ ဦးစားပေးမည်။
• စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတွင်Warehousemanagerလုပ်သက်၃ နှစ်အထက်ရှိရမည်။

Job Description

• Warehouse ၏ Layout Plan ပေါ်မူတည်၍ ပစ္စည်းထားသိုရန် အသင့်တော်ဆုံးဖြစ်အောင် စီမံ ဆောင်ရွက်ရန်။
• ဝန်ထမ်းများ၊ နေ့စားဝန်ထမ်းများ ၏ နေ့စဉ် ရုံးတက်/ဆင်း Attendance ကိစ္စရပ်များမှန်ကန်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်ရန်၊ ချမှတ်ထားသော စည်းကမ်းချက်များလိုက်နာစေရန် ညွှန်ကြားဆောင်ရွက်ရန်။
• Daily, Weekly, Monthly Report များအချိန်မှန်ကန်တိကျစွာဖြင့် ပေးပို့နိုင်ရန် စီမံဆောင်ရွက်ရန်။
• Supplier များထံမှ ပေးပို့လာသော ပစ္စည်းများအား ပျက်ဆီးမှုရှိခြင်း၊ အရည်အသွေးမပြည့်မှီခြင်း၊ အရည်အတွက် မပြည့်မှီခြင်းများစစ်ဆေး၍ လိုအပ်သလို သက်ဆိုင်ရာဌာနတာဝန်ခံများဖြင့် ချိတ်ဆက် ၍ ဆောင်ရွက်ရန်။
• ပေးပို့ရန်ရှိသည့် တိုင်း/နယ်ရုံးခွဲများသို့ခွဲခြမ်း၍ပေးပို့ပေးနိုင်ရန် ပျက်ဆီးမှုမရှိစေရန် စီမံဆောင်ရွက်ရန်။
• ပေးပို့ရာတွင် ရုံးကား၊ အငှားကား၊ ကားဂိတ်များဖြင့်ပို့နိုင်ရန် စီမံဆောင်ရွက်ရန်။
• ပစ္စည်းတင်ပို့ရာတွင် အလေအလွင့်၊ အပျက်အဆီး၊ မေ့ကျန် မဖြစ်ရလေအောင် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန်။
• ပစ္စည်းပေးပို့ပြီးပါက သက်ဆိုင်ရာတိုင်း/နယ်တာဝန်ခံများထံပေးပို့ထားသည့်အမျိုးအစား၊အရေအတွက်၊ ကုန်ရောက် ရှိမည့်ရက်စွဲစသည့်လိုအပ်သည့် အချက်အလက်များ အသိပေး အကြောင်းကြားရန်။
• အရောင်းပြပွဲများအတွက်ပစ္စည်းထုတ်ပေးခြင်း၊နေရာချပေးခြင်း၊စာရင်းနှင့်တကွပြန်လည် သိမ်း ယူ ခြင်းများ ဆောင်ရွက်ရန်။
• မိမိလက်အောက်ရှိဝန်ထမ်းများသတ်မှတ်စည်းကမ်းများလိုက်နာမှုရှိစေရန်ကြီးကြပ် ဆောင်ရွက်ခြင်း၊အခါအားလျော်စွာထုတ်ပြန်သောစည်းကမ်းသတ်မှတ်ချက်များ၊ ကြေညာချက်များအား ပြန်လည် မျှဝေပေးခြင်း၊ လိုက်နာမှုရှိစေရန်ဆောင်ရွက်ရန်။
• ဂိုဒေါင်ရှိ ပစ္စည်းသိုလှောင်မှု အချိန်ကာလ၊ နေရာလစ်လပ်မှု၊ ပြောင်းရွှေ့ထားမှု၊ ပျက်ဆီးမှု၊ ထူးခြားမှု များအား အချိန်နှင့်တပြေးညီ Update ပြုလုပ်၍ တင်ပြရန်။
• သက်ဆိုင်သော အစည်းအဝေးများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
• ဂိုဒေါင်လုံခြုံရေး၊သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊မီးဘေး အန္တရာယ် မဖြစ်စေရေးများ အတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ်များချမှတ်ဆောင်ရွက်ရန်။
• မိမိ၏အထက်အကြီးအကဲမှလုပ်ငန်းလိုအပ်ချက်အရတရားသဖြင့်ပေးအပ်သော တာဝန်ဝတ္တရားများ ကို ကျေပွန်စွာဆောင်ရွက်ရန်။

Working Hours: 8:300 AM to 4:30 PM
Holidays: Sunday & Public Holidays

How to Apply: Please email to cv@vacjobsearch.com with your Microsoft Word CV file and job title and job ref no. in the subject line.
Hotline: 01-8395936, 09-765395936

Job Detail
  • Offerd Salary1,500,000 - 2,000,000 MMK
  • Career LevelIntermediate
  • Experience3 Years
  • GenderBoth
  • INDUSTRYWholesales and Distribution
  • QualificationBachelor
Shortlist Never pay anyone for job application test or interview.